ပင်လောင်း စက်တင်ဘာ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တောင်ထီဗွာကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ သင်တန်းတွင် ထူးချွန်သင်တန်းသားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်းက လုပ်ငန်းသုံးပစ္စည်းများကို လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး၊ သင်တန်းဆင်းပွဲတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်