မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာများအသင်းမှ ရေဘေးသင့်ပျက်ဆီးဆုံးရှုံးခဲ့သော အငြိမ်းစားဝန်ထမ်းအိုးအိမ်များနှင့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

မြစ်သား စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာများအသင်းမှ ရေဘေးသင့်ပျက်ဆီးဆုံးရှုံးခဲ့သော တိုင်းရင်းဆေးအငြိမ်းစားဝန်ထမ်းများ၏အိုးအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ကျွန်းလှကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအတွက် ထောက်ပံ့ငွေများ‌ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က‌ မြို့နယ်တိုင်းရင်းဆေးကုဌာနတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြစ်သားမြို့နယ် ကျွန်းလှကျေးရွာရှိ ရေဘေးသင့်ပျက်ဆီးဆုံးရှုံးခဲ့သော တိုင်းရင်းဆေးကုဌာန အငြိမ်းစားဝန်ထမ်းများ၏ အိုးအိမ် (၆) အိမ်အတွက် တစ်အိမ်လျှင် (၂) သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ကျန်ရှိသောဒေသခံပြည်သူများအတွက်ပါ စုစု‌ပေါင်းကျပ် (၂၀) သိန်းထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ခရိုင်တိုင်းရင်းဆေးမှူးနှင့် မြို့နယ်တိုင်းရင်းဆေးမှူးတို့အား ထောက်ပံ့ငွေနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ရာသို့ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာများအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းနိုင်၊ ဘဏ္ဍာရေးမှူး ဦးသိုက်ထွန်း၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးကုဌာန တိုင်းဦးစီးမှူး ဒေါ်ခင်ဖြူသက်၊ ကျွန်းလှကျေးရွာ အုပ်ချူပ်ရေးမှူး ဦးမြင့်စိုးနှင့် တိုင်းရင်းဆေးကုဌာန အငြိမ်းစားဝန်ထမ်းများ မြို့နယ်တိုင်းရင်း ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်