ကျောက်တံတားမြို့နယ်တွင် အလုပ်ခွင်၌ ထိခိုက်မှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

ကျောက်တံတား စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ တွံတေးမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ အလုပ်ခွင်၌ထိခိုက်မှုအတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦစွာ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိ ဦးသိန်းနွဲ့ဦးက လူမှုဖူလုံရေးဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် အကျိုးခံစားခွင့်ထုတ်ပေးရခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လူမှုဖူလုံရေးအဖွဲ့၊ တွံတေးမြို့နယ်၌ မှတ်ပုံတင်ထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အာမခံအလုပ်သမား ဒေါ်အေးအေးသင်း၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့ရမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၁၀၈ သိန်းအား ကျန်ရစ်သူမိသားစုထံ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိ၊ တွံတေးမြို့နယ် လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ အကျိုးခံစားခွင့်ရရှိသည့် မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်သဇင်(ပြန်/ဆက်)