တပ်ကုန်း စက်တင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံမှ အထွေထွေရောဂါကုသမားတော် ဒေါက်တာစိုးနောင်နောင် ဦးဆောင်၍ တပ်ကုန်း ကုတင် ၁၀၀ ပြည်သူ့ဆေးရုံးအုပ် ဒေါက်တာအုပ်စိုးလင်း၊ ကလေးရောဂါအထူးကုဆေးရုံကြီးမှ ကလေးအထူးကု ဒေါက်တာအောင်ကိုကိုမျိုးနှင့် အရိုးရောဂါ၊ စိတ်ရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်များနှင့်သူနာပြုများ ယမန်နေ့နံနက်ပိုင်းက ငွေတောင် တောရပရိယတ္တိစာသင်တိုက်၊ ဦးရှောင်ဟိုးဗိမာန်တော်ကြီးတွင် ရဟန်၊ သံဃာများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။
အဆိုပါဆရာဝန်အဖွဲ့များက အရိုးရောဂါလူနာ ၉ ဦး၊ အထွေထွေရောဂါလူနာ ၃၉ ဦး၊ ကလေး အထွေထွေရောဂါ ၂၃ ဦး၊ အကြိတ်ရောဂါလူနာ ၅ ဦး၊ စိတ်ရောဂါလူနာ ၄ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်