ရေဘေးသင့်ပြည်သူများအား လူမှုဂရုဏာအကူအညီပေးရာတွင် အသုံးပြုရန် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၂၈

ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူမှုဂရုဏာအကူအညီပေးရာတွင် အသုံးပြုရန် SHINHAN BANK COMPANY LIMITED (YANGON BRANCH)၊ PYI THAR YAR Medical Center + Tea Villa Family၊ Kyaw Za Min Trading Co.,Ltd နှင့် Creative Forward တို့မှ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲသို့ လာရောက်လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် SHINHAN BANK COMPANY LIMITED (YANGON BRANCH)မှ အလှူငွေ သိန်း (၁၀၀၀) ကျပ်ကို လည်းကောင်း၊ Creative Forward မှ အလှူငွေ (၅) သိန်းကျပ်ကိုလည်းကောင်း၊ Kyaw Za Min Trading Co.,Ltd မှ သိန်း (၂၀) ကျပ်တန်ဖိုးရှိသော ဆေးစိမ်ခြင်ထောင် (၂၀၀) လုံးကိုလည်းကောင်း၊ PYI THAR YAR Medical Center+Tea Villa Family မှ (၁၀) သိန်းကျပ် တန်ဖိုးရှိသော ဆေး (၇) မျိုးပါ ဆေးထုပ် (၁၀၀) ထုပ်တို့ကိုလည်းကောင်း တာဝန်ရှိသူများက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လွှဲပြောင်းလှူဒါန်းခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အချိန်ပြည့်/ အချိန်ပိုင်းအလုပ်အမှုဆောင်များက လက်ခံရယူခဲ့သည်။

ထို့နောက် အသင်းဥက္ကဋ္ဌက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လူမှုဂရုဏာလုပ်ငန်းများအတွက် ယခုကဲ့သို့ ပါဝင်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ သိန်းသုခကာရီသီလရှင်ကျောင်း ဆရာလေး (၂) ပါးမှ (၅) သောင်းကျပ်၊ သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်ဒေါ်ကြည်ကြည်လွင်မှ (၁) သိန်းကျပ်၊ ဦးအောင်ရွှေနှင့် ဒေါ်သန်းသန်းရီ (သုံးခွမြို့နယ်) မှ (၁) သောင်းကျပ်၊ ဦးဝင်းမြင့်နှင့် ဒေါ်စိန်မြိုင် (သုံးခွမြို့နယ်)မှ (၁) သောင်းကျပ်၊ ဒေါ်ခိုင်မိသားစု (သုံးခွမြို့နယ်) မှ (၁) သောင်းကျပ်နှင့် DTS International Logistics Company မှ (၅) သိန်းကျပ်တို့ကိုလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)