စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

စမ်းချောင်း စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၁) နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်‌‌ကျော်က ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရှိစေရန် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေပြီး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိ‌စေရန် ဗဟုသုတတိုးပွားစေရန် စာဖတ်သည့် အလေ့အကျင်းကောင်းများရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အ-မ-က (၁၃) စမ်းချောင်းမှ ကျောင်းသား၊ ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)