ရန်ကုန် စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ တိုင်းဒေသကြီးအဆင့်၊ MSME ချေးငွေစိစစ်ရေးကော်မတီမှ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှထုတ်ချေးပေးမည့် MSME ချေးငွေလျှောက်ထားမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာ၊ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးမှူး ဦးစည်သူမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေးက နိုင်ငံတော်၏ ဦးတည်ချက်(၄)ရပ်အနက် တတိယအချက်ဖြစ်သည့် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME များ ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်၏ ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန်အတွက် ချေးငွေထုတ်ချေးပေးနိုင်ရေး၊ ချေးငွေနှင့်ပက်သက်၍ အကျုံးဝင်သည့်စီးပွားရေးလုပ်ငန်းများ၊ ချေးငွေထုတ်ချေးခြင်းမပြုရန် တားမြစ်ထားသည့်လုပ်ငန်းများ၊ ချေးငွေပမာဏ၊ ချေးငွေသက်တမ်း၊ အတိုးနှုန်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသောအသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းရှင်များက မိမိတို့သိရှိလိုသူများကို မေးမြန်းဆွေးနွေးကြရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မူမူအေးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)