ညောင်ဦးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ တော်အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး စက်တင်ဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အခြေခံပညာအထက်တန်းကျောင်း (မြို့မ)စုပေါင်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းပွဲတော်ညှိနှိုင်း အစည်းအဝေးတွင် ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းက အဖွင့်အမှာ စကားပြောကြားပြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်ပရာတွင် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ ကျင်းပမည့်နေရာရွေးချယ်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေး ပျော်ပွဲရွှင်ပွဲ များ၊ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေးတို့အား ကျောက်ပန်းတောင်းမြို့နယ်ပညာရေးမှူး၊ ညောင်ဦးမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။                                       

ဒီပါလင်း