ရွှေနန်းတော်အားကစားအဖွဲ့က စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေး စက်တင်ဘာ ၂၇

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ကဦးစီး၍  မန္တလေးမြို့၊ ရွှေနန်းတော်အားကစားအဖွဲ့က ဧကဒသမအကြိမ်မြောက်၊ ဒသမအပတ်အဖြစ်  စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။

ထိုသို့ ဘုံဆွမ်းလောင်းလှူပွဲတွင် စကုတိုက်မှ သံဃာတော်အပါး (၁၅၀) နှင့် ချမ်းသာကြီး(တောင်)တိုက်မှ သံဃာတော် အပါး(၁၀၀) ၊ စုစုပေါင်း အပါး(၂၅၀)တို့အား ပင့်ဖိတ်၍ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပက အဖွဲ့တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ ရွှေနန်းတော်အားကစားအဖွဲ့က ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု‌‌ငွေများ ဆက်ကပ်လောင်းလှူကြ‌ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)