ဟိုပုံး စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ရေဘေးသင့်ပြည်သူ့များအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပလတ်စတစ်ပုံးတို့ကို ရေးဘေးသင့်အိမ်ထောင်စု (၂၆၄)စုအတွက် ထောက်ပံ့ပေးအပ်သည်။
ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ(၁၀)ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တုံခမ်းရပ်ကွက်၊ တောင်ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ မြို့ဦးကွက်သစ်ရပ်ကွက်၊ အနောက်ရပ်ကွက်၊ ကုန်းကျိုင်းအုပ်စု၊ စံဖူးအုပ်စု၊ စငေါအုပ်စု၊ ဘော်ကုန်းအုပ်စု၊ လုံဟေးအုပ်စု၊ နားပုံအုပ်စု၊ လွယ်အွန့်အုပ်စု၊ နောင်ဒေးအုပ်စု၊ နောင်လိုင်အုပ်စုနှင့် ဖက်ရမ်းအုပ်စုရှိ နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စု(၂၆၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလတ်စတစ်ပုံး စုစုပေါင်း(၂၆၄)ပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)