ညောင်ရွှေမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အထူးနည်းပြသင်တန်းဖွင့်

ညောင်ရွှေ စက်တင်ဘာ ၂

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အထူးနည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီခွဲက ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက မိတ်ဆက်စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များနှင့် သင်တန်းနည်းပြများစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းအား (၂၆-၉-၂၀၂၄)ရက်နေ့မှ (၇-၁၀-၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၁၉၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ