သာစည် စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ရာဂိမုန်တိုင်းအကြွင်းအကျန်မိုးတိမ်များကြောင့် စက်တင်ဘာ ၁၀ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့မှုများဖြစ်ပေါ်၍ ရေဝင်ရောက်ခဲ့သည့် လှိုင်းတက်ကျေးရွာအုပ်စု ကန်ကြီးအောက်ကျေးရွာမူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စက်တင်ဘာ ၂၅ ရက်က မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ ဆရာ၊ ဆရာမများနှင့်ကျေးရွာသူ/သားများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နံနက်ပိုင်းတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရွာသူ/ရွာသားများက ဘုန်းတော်ကြီးကျောင်းတွင် ရေဝင်ရောက်ပြီး ကျောင်းဆောင်များ၌ တင်ကျန်ခဲ့သည့်ရွံ့နွံများ အမှိုက်များအားဖယ်ရှားရှင်းလင်းပြီး သန့်ရှင်းရေးများဆောင်ရွက်ကာ နေ့လယ်ပိုင်း၌ မူလတန်းကျောင်းတွင် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျေးရွာသူ၊ ကျောင်းသားများနှင့်ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ရွှံ့နွံများအမှိုက်များ အားဖယ်ရှားရှင်းလင်းခြင်း၊ စာသင်ခုံများသန့်ရှင်းစေရေး ဆောင်ရွက်ခြင်း၊ မီးသတ်ယာဉ်ဖြင့် ရေထိုးဆေးကြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)