လယ်ဝေးမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သော ကျေးရွာများအား လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေး

လယ်ဝေး စက်တင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ ရေနစ်မြုပ်ခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ရေနစ်မြုပ်သည့်ကျေးရွာများတွင်ပါဝင်သည့် လက်ပံတန်း၊ ကြို့ပင်သာ၊ သစ်ခေါက်ခွ၊ ကြို့တန်း၊ ဆီဆုံကုန်း၊ ပေါက်မြိုင်၊ ရေလဲပေါက်၊ ဘို့ကိုးလုံး၊ ရေနီလေး၊ မြောင်းမြ၊ အင်ပင်တဲစု၊ နှစ်ဆောင်မြိုင်နှင့် ညောင်ပင်အိုင်ကျေးရွာများတွင် စက်တင်ဘာ ၁၂ ရက်မှစတင်၍ ဓာတ်အားဖြတ်တောက်ခဲ့ရသည်။

အဆိုပါ ဓာတ်အားပြတ်တောက်ခဲ့သည့် ကျေးရွာများအား စက်တင်ဘာ ၁၆ ရက်မှစတင်၍ ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးအတွက် သာဝတ္ထိ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရေနစ်မြုပ်ခဲ့သည့် ကျေးရွာ ၁၃ ရွာအား လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာထံမှ သိရသည်။

ဝေကြည်(ပြန်/ဆက်)