တပ်ကုန်းမြို့နယ်၌ တိုင်ဖွန်းမုန်တိုင်း “ရာဂီ”ကြောင့် မိုးသီးနှံစိုက်ခင်းများ ပျက်စီးမှုဖြစ်ပွား

တပ်ကုန်း စက်တင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျချောင်းရေများ၍ ပွဲစားရေလွှဲဆည်၊ မုန်ဆည်၊ ကင်းသာဆည်များ ကျိုးပေါက်ရေလျှံခြင်းနှင့် နဝင်းချောင်းရေလျှံမှုဖြစ်သဖြင့် မိုးသီးနှံစိုက်ခင်းများ ပျက်စီးမှုဖြစ်ပွားခဲ့သည်။

တပ်ကုန်းမြို့နယ်အတွင်း မိုးစပါးစိုက်ခင်း ၁၆၆၁၀ ဧက၊ နေကြာစိုက်ခင်း ၁၈၀ ဧက၊ ငရုတ်စိုက်ခင်း ၂၈၄ ဧက၊ ဝါစိုက်ခင်း ၁၁ ဧက၊ ဟင်းသီးဟင်းရွက်စိုက်ခင်း ၂၂၅ ဧက၊ စိုက်ခင်းစုစုပေါင်း ၁၇၃၁၀ ဧက ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်