ပျော်ဘွယ်မြို့နယ် ရေဘေးသင့်ပြည်သူများထံသို့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

မဟာအောင်မြေ စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ရေဘေးသင့်ပြည်သူများထံသို့ မဟာ​အောင်မြေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဘောလုံးအသင်းသား၊ ကျောင်းသူများမှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို စက်တင်ဘာ(၂၅)ရက်နေ့က သွားရောက်ထောက်ပံလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုတွင် မဟာ​အောင်မြေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဘောလုံးအသင်းသား၊ ကျောင်းသူများက ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်ဘူး၊ တစ်ရှူးထုပ်၊ မုန့်၊ရေသန့်၊ဓာတ်ဆား၊ဆပ်ပြာဆီဘူး၊ ဖယောင်းတိုင်၊ မီးခြစ်၊ ခြင်ဆေးခွေဘူး၊ ဖိနပ်၊ ခေါင်းအုံး၊ စောင်တို့အား လှူဒါန်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း