လင်းခေး စက်တင်ဘာ ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အ.ထ.က၊ လင်းခေး(ပတ္တမြား)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး နေမိုးက အဖွင့်အမှာစကားပြောပြီး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်နန်းတင်မိုးဆွေက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်လုပ်ငန်း၊ စာရင်းပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာပြုစုထုတ်ပြန်ခြင်းလုပ်ငန်းများဖြင့် ရပ်ကွက်/ကျေးရွာများ တည်နေရာ point များကောက်ယူခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင် အဆောက်အအုံစာရင်းတင်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက် Volunteer စာရင်းများ ရွေးချယ်တင်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပါသည်။
သင်တန်းကို သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနဲ့ လက်တွေ့လေ့ကျင့်ခန်းများ၊ အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၄၇)ဦးဖြင့် (၁၀)ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)