မိုင်းဖြတ်မြို့နယ်၊ ပါ​လောင်း​ကျေးရွာ၌ ကျေးရွာစာကြည့်တိုက်​ပြုပြင်နေမှုအား ကွင်းဆင်းစစ်ဆေး

မိုင်းဖြတ် စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ပါ​လောင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေး ရန်ပုံ​ငွေဖြင့် ပြုပြင်​ဆောင်ရွက်သည့် ရှင်သန်ခြင်းစာကြည့်တိုက် ပြုပြင်​ဆောင်ရွက်​နေသည့် အ​ခြေအ​နေများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြား​ရေးနှင့်ပြည့်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

ထိုသို့စစ်​ဆေးရာတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည့်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ​ဒေါ်​အေးဝင်းခိုင်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေး ရန်ပုံငွေကျပ်သိန်း (၅၀)ဖြင့် ပြုပြင်​ဆောင်ရွက်​နေသည့် အ​ခြေအ​နေများကို ကြည့်ရှုစစ်​ဆေးခဲ့ပြီး ကျေးရွာစာကြည့်တိုက် ​ကော်မတီဥက္ကဋ္ဌ ဦး​ဧလိရာနှင့် ​ကော်မတီဝင်များက ​ဆောင်ရွက်​နေမှုနှင့် ​ဆောင်ရွက်သွားမည့်အ​ခြေအ​နေများကို ရှင်းလင်း​ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ​ဒေါ်အေးဝင်းခိုင်က လိုအပ်ချက်များကို ​ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ရှင်သန်ခြင်း​ကျေးရွာစာကြည့်တိုက်ကို ယခင်က ​ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်အဖြစ် ​ဆောင်ရွက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေး ရန်ပုံ​ငွေကျပ်သိန်း(၅၀)နှင့် ​ကျေးရွာ​နေပြည်သူ လုပ်အားတို့ဖြင့် ပြန်လည်ပြုပြင်​ဆောင်ရွက်ခြင်းဖြစ်​သည်။

သန်းထွန်း​အေး(မိုင်းဖြတ်)