ချမ်းမြသာစည် စက်တင်ဘာ ၂၆
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးရဲမင်းထွန်းနှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ ရပ်ကွက်အသီးသီးမှ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က အမှာစကားပြောကြားပြီးနောက် ကော်မတီအတွင်းရေးမှူးက သန်းခေါင်စာရင်း ကောက်ယူမည့်အစီအစဉ်များ၊ အထောက်အကူပြုကော်မတီ ဖွဲ့စည်းထားမှု၊ ကောက်ကွက်များအလိုက် စာရင်းကောက်ယူမှုများ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာ ရပ်ကွက်များအလိုက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့