အမရပူရမြို့နယ်တွင် သရက်သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးပြည့်မီရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်

အမရပူရ စက်တင်ဘာ ၂၆

အရေးကြီးသီးနှံများအပြင် သရက်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ဒေသထွက်သီးနှံများ စျေးကွက်ဝင်တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်ရေး၊ အရည်အသွေးပြည့်မီသောသီးနှံရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းပညာများကို ပိုမိုသိရှိနိုင်စေရန် အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အမရပူရမြို့နယ်၊ တောတွင်အုပ်စု၊ ရွာဦးကျောင်းဓမ္မာရုံတွင် ယမန်နေ့နေ့လည် ၁ နာရီချိန်က သရက်အထွက်နှုန်းတိုးတက်ရေးနှင့် အည်အသွေးကောင်းမွန်ရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နည်းပညာပေးသင်တန်းတွင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမိုးဆွေရည်၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်ကြိုင်နှင့် သရက်သီးနှံတာဝန်ခံ ဦးရဲနိုင်ဝင်းတို့က သရက်သီးနှံအထွက်နှုန်း တိုးတက်စေရုံသာမက ပြည်ပပို့ကုန်အထိပါ အရည်အသွေးပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းပညာ၊ လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဆွေးနွေးပို့ချပြီး တက်ရောက်လာသူ သရက်စိုက်ပျိုးထုတ်လုပ် သူ တောင်သူများ၏ သိရှိလိုသည့်မေးမြန်းချက်များကိုလည်း ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ သရက်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)