လွိုင်လင်မြို့နယ်အဆင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်လျက်ရှိ

လွိုင်လင် စက်တင်ဘာ ၂၆

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လွိုင်လင်မြို့ အမှတ်(၁) ရပ်ကွက်တွင် မြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူလျက်ရှိသည်။

ထိုသို့ မြေပြင်ကွင်းဆင်းစမ်းသပ် ကောက်ယူရာသို့ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပါသည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်လုပ်ငန်းကို အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး၊ လွိုင်လင်မြို့နယ်တွင် ကောက်ကွက် (၂၅၈) ကွက်ရှိကြောင်း၊ ကောက်ကွက်တစ်ခုလျှင် စာရင်းစစ်(၁)ဦး ၊ စာရင်းကောက် (၄) ဦး ပေါင်း (၅) ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ မြို့နယ်တွင် စာရင်းစစ်၊ စာရင်းကောက် စုစုပါင်း (၉၉) ဦးဖွဲ့စည်း ခန့်အပ်ထားကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ခရိုင်ပြန်/ဆက်