ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် သတင်းရေးသားတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

ပြင်ဦးလွင် စက်တင်ဘာ ၂၆

ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်စေရေးနှင့် သတင်းများရေးသားထုတ်ပြန်ရာတွင် စနစ်တကျရှိစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် သတင်းရေးသားတည်းဖြတ် နည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ပြင်ဦးလွင်ခရိုင်ရုံးမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇော်မျိုးထိုက်က ပြင်ဦးလွင်ခရိုင်ရုံးမှ ဝန်ထမ်းများအား သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းနှင့်ပတ်သက်၍ သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်းရေးသားတည်းဖြတ်နည်းသင်တန်းကို စက်တင်ဘာလ ၂ရက်နေ့မှ ရက်နေ့အထိ နံနက်၉နာရီမှ၁၂နာရီအထိ  နှစ်ရက်ကြာစာ‌တွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် ပြင်ဦးလွင်ခရိုင်ရုံးမှ  အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၀) ဦး ပါဝင်တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)