လဲချားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် မွေးမြူထားသည့် (နွားပြာစိမ်း) အမ (၁၀) ကောင်အားကျေးရွာ ကော်မတီထံသို့ လွှဲပြောင်းပေးအပ်

လဲချား စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့၌ စီးပွားရေး တစ်ဖက်တစ်တစ်လမ်းမှ အထောက်အကူ ပြုဖြစ်စေရန်နှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်ရည်ရွယ်၍ လဲချားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် မွေးမြူထားသည့် (နွားပြာစိမ်း) အမ (၁၀) ကောင်အားကျေးရွာ ကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့မကျေးရွာအုပ်စု၊ ဟိုနောင်လုံကျေးရွာတွင် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ  လွှဲပြောင်းပေးအပ်ရာတွင် မြို့နယ်မှူး ဒေါက်တာ မျိုးလှိုင်ဝင်းက မွေးမြူရေးနွားများ မွေးမြူနိုင်ရေးအတွက် ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က နွားပြာစိမ်း အမကောင်ရေ (၁၀) ကောင်အား ကျေးရွာကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)