ဆီဆိုင်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက် လမ်းနှင့် တံတားများ ပျက်စီးမှုအား ကွင်းဆင်းကြည့်ရှု

ဆီဆိုင် စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် စက်တင်ဘာလ (၁၀) ရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် လမ်းနှင့်တံတားများ ပျက်စီးမှုအား ယမန်းနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးနှင့် တာဝန်ရှိသူတို့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ပျက်စီးသွားသော မကောက်(နောက်)-နောင်လိတ်-ကွန်မွန်း-ဖာလိုင်-ပန်ကန်းလေး-KFW(လမ်းခွဲ)လမ်း၌ (ကွန်မွန်း-ဖာလိုင်အပိုင်း)မှ ပျက်စီးသွားသော တံတားနေရာအား ယာယီသစ်သားတံတား ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကုန်းဆွတ်-လာဇရု-တောင်သာ-တရောက်-ဖာလိုင်လမ်းပေါ်ရှိ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် ပေ (၁၆၀) အရှည် နမ့်တဘက်ချောင်းကူးသစ်သားတံတား ရေစီးနှင့်အတူမျောပါပျက်စီးမှု အခြေအနေများနှင့် နမ့်ငိုင်းလမ်း (၃/၁) မိုင်- (၃/၂) မိုင်ကြားမှ ပေ (၃၀၀) ခန့်တောင်ကမ်းပါးယံ ပြိုကျပျက်စီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာချင်းဆက်လမ်းများ အမြန်ပြန်လည်ပြင်ဆင်နိုင်ရေး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။   

မြို့နယ်(ပြန်/ဆက်)