နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း လမ်းများပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှုကြောင့် သဲ၊ နုန်းများ၊ အမှိုက်များ ရှင်းလင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ဘောဂသီရိယာဉ်ရပ်နားစခန်းအနီး ရန်ကုန်-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လမ်းများပျက်စီးနေမှုနှင့် ပျဉ်းမနားမြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၂၁၁/ နှင့် ၂၁၁/) ကြား လမ်းပျက်စီးနေမှုများကို ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လမ်းများ ရေရှည်ကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် တပ်ကုန်းမြို့နယ်အတွင်းရှိ နေပြည်တော်-ကင်းသာ- ကိုးကွေ့-လိန်းလီ-ပင်လောင်း လမ်းပေါ်ရှိ မိုင်တိုင်အမှတ်(/)တွင် လမ်းပေါ်ရေကျော်ပြီး သဲ၊ နုန်းများ တင်ကျန်နေမှုကို လူအင်အား၊ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လမ်းပေါ်ရှိ သဲ၊ နုန်းများကို အမြန်ရှင်းလင်းဖယ်ရှား ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူများ သွားလာမှုအဆင်ပြေစေရေး၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး၊ ရေစီးကြောင်း မှန်ကန်စွာစီးဆင်းစေရေးတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ပိန်းတောကျေးရွာ ပိန်းတောတောင်ကျောင်းတိုက်အတွင်း ရေကြီးရေလျှံမှုကြောင့် တင်ကျန်ခဲ့သည့် သဲ၊ နုန်းများ၊ အမှိုက်များကို စုပေါင်းဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုနှင့် ပိန်းတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအတွင်း သဲ၊ နုန်းများကို လူအင်အား၊ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သဲ၊ နုန်းများ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေး၊ ကျောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ နဝင်းချောင်းကူးတံတား(ပိန်းတော) ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းဘေးဝဲ/ယာရှိ နုန်းများ ဖယ်ရှားရှင်းလင်းရေး၊ လုပ်ငန်းများ အမြန်ဆုံးပြီးစီး ဆောင်ရွက်ရေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ ပေါက်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်းရှိ နုန်းများအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)