မက်မန်း စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်း ကောက်သင်တန်းကို မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သင်ကြားပို့ချနေမှုကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
သင်တန်းတွင် သန်ခေါင်းစာရင်းလုပ်ငန်းစဉ်၊ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ၊ သင်တန်းနည်းပြများအတွက် လမ်းညွှန်ချက်နှင့် မှတ်သားထားရမည့်အချက်များ၊ စာရင်းစစ်၊ စာရင်းကောက် အခန်းကဏ္ဏနှင့် တာဝန်များ၊ CAP စနစ် မိတ်ဆက်သင်ခန်းစာ၊ လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်းပြည်ပ ရွှေ့ပြောင်းသွားလာခြင်းအကြောင်းအရာ အစရှိသောအကြောင်းအရာများ သင်ကြားနေမှုကို မြို့နယ်သန်ခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး၊ သင်တန်းတွင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ (၃) ဦးတို့မှ (၁၆-၉-၂၀၂၄) ရက်နေ့မှ (၂၇-၉-၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၁၈) ဦးတို့က တက်ရောက်သင်ယူလျက်ရှိ ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)