ပြည်ထောင်စုနယ်မြေအတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုခံရသော သီးနှံများအား ပြန်လည်ကုစားရန် အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်

ပျဉ်းမနား စက်တင်ဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုခံစားခဲ့ရသော သီးနှံစိုက်ခင်းများ ပြန်လည်ကုစားရန် လိုအပ်သည့် နည်းစနစ်များ၊ ပြန်လည်စိုက်ပျိုးမည့် သီးနှံများအတွက် ပျက်စီးသွားသော မြေဆီလွှာများအား ပြန်လည်ပြုပြင်‌ရေးနည်းလမ်းများ၊ ကြုံတွေ့နိုင်သော ဖြုတ်ညိုပိုး၊ ငမြှောင်တောင်ပိုးနှင့် ဘက်တီးရီးယားရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းနည်းလမ်းများအား သိရှိဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပေးဆွေးနွေးပွဲများအား ယမန်နေ့တွင် ပျဉ်းမနားမြို့နယ်ရှိ နတ်သူရဲကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ ပိတောက်ချောင်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာ(ရုံးချုပ်)၊ သီးနှံကာကွယ်ရေးဌာနခွဲနှင့် မြေအသုံးချ‌ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်ပညာရှင်ဝန်ထမ်းများမှဦးဆောင်၍ နေပြည်တော်ကောင်စီနယ်မြေ၊ သီးနှံကာကွယ်ရေးနှင့် မြေအသုံးချ‌ရေးတာဝန်ခံများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်  သီးနှံစိုက်တောင်သူများအား ပညာပေးဆွေးနွေးပွဲများဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ၍ စိုက်ပျိုးရေးဆေးကုမ္ပဏီများမှ လှူဒါန်းသည့် ပိုးသတ်ဆေးနှင့် ရွက်ဖျန်းမြေသြဇာများအား ထောက်ပံခဲ့ပြီး ဆက်လက်၍လည်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော အခြားမြို့နယ်များတွင်လည်း အထွက်နှုန်းလျော့နည်းမသွားစေရန် အချိန်မီပြန်လည်ကုစားရန် ပညာပေးဆွေးနွေးပွဲများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)