တိုက်ကြီးမြို့နယ်၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

တိုက်ကြီး စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ဉက္ကံမြို့တွင် အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ၄ ရက်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဉီးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ခိုင်မာအေးက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဉက္ကံတိုက်နယ်ဆေးရုံမှ ဒေါက်တာဒေါ်သက်သက်မွန်က မျောက်ကျောက်ရောဂါနှင့် သွေးအားနည်း‌ရောဂါများအကြောင်း ဟောပြောပြီး မြို့နယ်ဉပဒေအရာရှိ ဒေါ်ဇာခြည်ဦးက လူကုန်ကူးမှုအန္တရာယ်အကြောင်း ဟောပြောသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က စာပေ၏ အကျိုးကျေးဇူး၊ ဉက္ကံနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးအောင်ခန့်ကျော်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဉက္ကံတိုက်နယ် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နှင်းဝေအောင်က ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဟောပြောသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်အမျိုးသမီးရေးရာကြီးကြပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာများနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)