လှည်းကူး နိုဝင်ဘာ ၂၃
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိ ပညာပေး အချက်များ ပါဝင်သည့် နံရံကပ်စာစောင်များကို ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံ ကပ်ဘုတ်တွင် ပြသထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် လူစုလူဝေးများပြားရာနေရာများတွင် ကူးစက်ပြန့်ပွားနိုင်သည့် ရောဂါမျိုးဖြစ် သဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း နှာခေါင်း စည်း (Mask) တပ်ဆင်ပြီးမှ ထွက်ခွာသွားလာစေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ နေထိုင်တက်စေရန်၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သတင်း အချက်အလက်ဆိုင်ရာ ခေါင်းစဉ်(၇)ခုပါ အသိပညာပေး နံရံကပ်စာစောင်များအား ပြသဆောင်ရွက် ထားရှိပြီး အလားတူ လှည်းကူးမြို့နယ်အတွင်း ယာဉ်တိုက်မှုအန္တရာယ်ကြောင့် သေဆုံးမှုမရှိစေရန်နှင့် ယာဉ်တိုက်မှုအန္တရာယ်များ ကင်းရှင်းစေရန် ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းစေရန်၊ ဆိုင်ကယ်မောင်းနှင်ရာ၌ သတ်မှတ်ဦး ထက်ပို၍ တင်ဆောင်မောင်းနှင်ခြင်းမပြုစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အချက်များ ပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် ပြသထားကြောင်း သိရ သည်။
နိုင်လင်း(လှည်းကူး)