ကျောက်ဆည် စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ်အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၉)နာရီက ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
စုပေါင်းသွေးလှူဒါန်းရာတွင် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရွှေဦး ဦးဆောင်ပြီး ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင်ကြီးကြပ်မှုအောက်ရှိ မြို့နယ်များမှ တပ်ဖွဲ့ဝင်များစုပေါင်းပြီး အရာရှိ(၄)ဦး၊ အခြားအဆင့်(၁၀)ဦးနှင့် အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ အခြားအဆင့်(၁)ဦး စုစုပေါင်း (၁၅)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ရာ သွေးလှူရှင်များ အားအင်ပြန်လည်ပြည့်ဖြိုးရေး ကျောက်ဆည်ခရိုင် ရဲဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့ရုံးတို့မှ နို့အေး၊ ငှက်ပျောသီး၊ ကြက်ဥပြုတ်၊ ကြက်ဥစိမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်