ကျောက်တန်းမြို့နယ် အောင်ချမ်းသာကျေးရွာ၌  မြစိမ်းရောင်စီမံကိန်း အရင်း၊ အတိုးပြန်လည်ပေးဆပ်ပြီး ချေးငွေများပြန်လည်ထုတ်ချေးနိုင်ရေးကွင်းဆင်းစစ်ဆေး

ကျောက်တန်း စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌  မြစိမ်းရောင်စီမံကိန်း အရင်း ၊အတိုး ပြန်လည်ပေးဆပ်ပြီး ချေးငွေများပြန်လည်ထုတ်ချေးနိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းကို အောင်ချမ်းသာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်၊၊

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်အေးအေးကြူနှင့်ဝန်ထမ်းများကျောက်တန်းမြို့နယ်ဦးစီးမှူး ဦးထွန်း၀င်းလတ်နှင့်ဝန်ထမ်းများက ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြစိမ်းရောင်ကော်မတီများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျန်ရှိသော မြစိမ်းရောင် အရင်း/အတိုးငွေများအား အမြန်ပြန်လည်ပေးဆပ်နိုင်ရေး၊ ချေးငွေများကိုလည်း ပြန်လည်ထုတ်ချေးသွားနိုင်ရေး၊ ကော်မတီအဖွဲ့၀င်များမှလည်း  မြစိမ်းရောင်စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ချေးယူသူများအား တွန်းအားပေးရန်နှင့်  ပြန်လည်ပေးဆပ်နိုင်ရေးအတွက် အုပ်ချုပ်‌ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားပြီး လိုအပ်သောပေါင်းစပ်မှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော်(ပြန်ဆက်)