ကြံခင်း စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထုတ်ပေးခြင်းနှင့် အာဟာရနို့ဆန်ပြုတ် တိုက်ကျွေးလျက်ရှိသည်။
အဆိုပါ အငြိမ်းစားပင်စင်လစာထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် ပင်စင်စားများ စနစ်တကျထုတ်ယူနိုင်ရေးနှင့် ပင်စင်လစာထုတ်ယူရန် ကိုယ်တိုင်မလာရောက်နိုင်သူအငြိမ်းစားများအနေဖြင့် ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ ထုတ်ယူရန်ကျန်ရှိသူများအား ပင်စင်လစာထုတ်ပေးခြင်းများကို စီစဉ်ဆောင်ရွက် ထုတ်ပေးလျက်ရှိပြီး ယနေ့လာရောက်ထုတ်ယူသည့် အငြိမ်းစာများအား စေတနာရှင်တစ်ဦးမှ နို့ဆန်ပြုတ် အာဟာရတိုက်ကျွေးလျက်ရှိသည်။
ကြံခင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အငြိမ်းစားပင်စင်လစာထုတ်ယူသူ ဦးရေ(၁၁၄၁)ဦးရှိပြီး၊ မြို့ပြပင်စင်စား(၄၁၉)ဦး၊ ကာကွယ်ရေးပင်စင်စား(၁၅၇)ဦး၊ နိုင်ငံရေးပင်စင်စား(၃၈)၊ ဘဏ်ပင်စင်စား(၈)ဦး စုစုပေါင်း ၆၂၂ ဉီးလာရောက်ထုတ်ယူပြီးဖြစ်ကြောင်းနှင့် စက်တင်ဘာလ(၂၁)ရက်နေ့မှ(၃၁)ရက်နေ့အထိ၊ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက်(၆)နာရီမှ နေ့လယ်(၁၂)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
ဖြိုးဝေလင်း
ကြံခင်း(ပြန်/ဆက်)