မရမ်းကုန်း စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၁၄) အခြေခံပညာမူလတန်းကျောင်းတွင် စက်တင်ဘာ (၂၃) ရက်နေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပေးခဲ့ကြောင်း သိရသည်။
အဆိုပါပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲတွင် မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်းအတန်းအလိုက် ပါဝင်ယှဥ်ပြိုင်ကြရာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက အသိပညာပေးပြသထားသည့် စာအုပ်/စာစောင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ကြည့်ရှူခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)