ညောင်ဦး စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းနှစ် လမ်းသွားလမ်းမကြီးဘေး ဝဲယာရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်ထားရှိမှုနှင့် လမ်းဘေးဝဲယာ၊ လမ်းလယ်ကျွန်းတို့တွင် သန့်ရှင်းသာယာလှပစေရေး ပန်းအလှစိုက်ပျိုးထားရှိမှုတို့အား ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင်/ မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့ နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနတာ ဝန်ရှိသူများသည်ညောင်ဦးမြို့ ဘုရားနီလမ်းဆုံမှ သီရိပစ္စယာမီးပွိုင့် အနော်ရထာနှစ်လမ်းသွားလမ်းမကြီး လမ်းဘေးဝဲယာ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ဆောင်ရွက်ထားရှိမှု၊ လမ်းဘေးဝဲယာ၊ လမ်းလယ်ကျွန်းတို့တွင် မြက်အလှ၊ ပန်းမျိုးစုံအလှစိုက်ပျိုးထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာ၊ ဝက်ကြီးအင်းချောင်းအနီး ရေနုတ်မြောင်းတူးဖော်ဆောင်ရွက်နေမှု၊ လမ်းဘေးဝဲယာလူသွားစင်္ကြံ ပြုပြင်ပြီးစီးမှု၊ မြို့တော်ခန်းမရှေ့ ပန်းအလှ၊ မြက်အလှစိုက်ပျိုး ထားရှိမှု၊ ရေနုတ်မြောင်းဆောင်ရွက်ထားရှိမှု၊ လမ်းဘေးစင်္ကြံပြုပြင်ဆောင်ရွက်ထားရှိမှု၊ ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်းမကြီးဘေး ပန်းအလှပင်များ၊ မြက်အလှပင်များ စိုက်ပျိုးထားရှိမှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမုခ်ဦး လမ်းဘေးဝဲယာ၊ လမ်းလယ်ကျွန်းတို့တွင် ဆောင်ရွက်ထားရှိမှုနှင့် လေယာဉ်ကွင်းမှ လေဆိပ်လမ်းဆုံအတွင်းပန်းအလှပင်များ စိုက်ပျိုးထားရှိမှုနှင့်လမ်း လယ်ကျွန်းတို့တွင် ပန်းအလှ၊ မြက်အလှပင်များစိုက်ပျိုးထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ဆောင်ရွက်ထားရှိမှု၊ ထပ်မံဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြရာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက လုပ်ငန်းများလျှင်မြန်စွာဆောင်ရွက်နိုင်ရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း