သာစည်မြို့နယ်တောင်ပေါ်ဒေသ ရေဘေးဒဏ်ခံစားခဲ့ရသော‌ဒေသများသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ဆန်ရေရိက္ခာထောက်ပံ့ အားပေးစကားပြောကြား

သာစည် စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရေဘေးဒဏ်ခံစားခဲ့ရသော တောင်ပေါ်ဒေသ မြင်းဒိုက်၊ ဆင်တောင် ခွေးရုပ်၊ ပင်မုန်းကျေးရွာများသို့ စက်တင်ဘာ ၂၄ ရက်က တာဝန်ရှိသူများသွားရောက်၍ ရေဘေးသင့်ပြည်သူများအား ဆန်ရေရိက္ခာများထောက်ပံ့ပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ဆင်တောင်-ကလော-ဆင်တောင်လမ်းရှိ (View Point)လမ်းဆုံ၌ ဆင်တောင်ကျေးရွာအုပ်စု ဆင်တောင်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်(၂၄)ပြည်()အိတ်၊ ဆီ(၃၀)ပိဿာ၊ ခေါက်ဆွဲခြောက်()ဖာ၊ရေသန့်တစ်လီတာဗူး(၁၀) ကတ်နှင့်ငါးခြောက်()ပိဿာတို့ကိုလည်းကောင်း၊ ခွေရုပ်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်(၂၄)ပြည်() အိတ်ဆီ(၁၀)ပိဿာ၊ ခေါက်ဆွဲခြောက်()ဖာ၊ ရေသန့်တစ်လီတာဘူး (၁၀) ကတ်နှင့်ငါးခြောက်()ပိဿာတို့ကို ထောက်ပံ့ပေးပြီးအားပေးစကားပြောကြားသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆက်လက်ထွက်ခွာလာပြီး လယ်ပြင်ကျေးရွာအုပ်စု ပင်မုန်းကျေးရွာရေဘေးသင့်ပြည်သူများအားဆန်(၂၄)ပြည်(၃၀)အိတ်၊ ဆီ(၁၁၀)ပိဿာ၊ ခေါက်ဆွဲခြောက်()ဖာ၊ ရေသန့် တစ်လီတာဘူး(၁၆)ကတ်နှင့် ငါး ခြောက်(၃၀)ပိဿာ၊ ကျားမဝတ် အထည်မျိုးစုံပါပီနန်အိတ်(၁၀)အိတ်နှင့်တကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုးပါ(၁၀)ဖာတို့ကိုထောက်ပံ့ လှူဒါန်းသည်။

ထို့နောက် မြင်းဒိုက်ကျေးရွာအုပ်စု မြင်းဒိုက်ကျေးရွာသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား ဆန်(၂၄)ပြည်()အိတ်၊ ဆီ(၇၀)ပိဿာ၊ ခေါက်ဆွဲခြောက်()ဖာ၊ ရေသန့်တစ်လီတာဘူး(၁၀)ကတ်နှင့် ငါးခြောက်(၁၅)ပိဿာနှင့်ကျားမဝတ်အထည် မျိုးစုံပါပီနံအိတ်()အိတ်တို့ကိုထောက်ပံ့ပေးပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်