ချောင်းဆုံမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ချောင်းဆုံ စက်တင်ဘာ  ၂၅

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းရှိ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ပြီးဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်က ချောင်းဆုံမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် လက်ချောင်းပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူ (၂၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ(၂၆)ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)