သာစည် စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရေတိုက်စားပျက်စီးခဲ့သည့် ကုက္ကိုစု-မရွေး-သနပ်ကန် လမ်းတံတား၏ ချဉ်းကပ်လမ်းအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
ရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်း ၅၀ ပေ နိမ့်ကျမှုဖြစ်ပေါ်ခဲ့ပြီး၊ ချဉ်းကပ်လမ်း အရှည် ၁၀၀ပေ၊ အကျယ်၂၀ ပေ ခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စက်ယန္တရားများဖြင့် မြေများဖို့ခြင်း ပြန်လည်ပြုပြင် ဆောင်ရွက်လျှက်ရှိပြီး အဆိုပါလမ်းသည် အကျိုးပြုကျေးရွာ(၃) ရွာ၊ အိမ်ခြေ (၅၆၅) အိမ်၊ လူဦးရေ (၂၇၃၇) ဦးတို့ ဆက်သွယ်သွားလာနေသော လမ်းဖြစ်ကြောင်းနှင့် အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)