ပုဗ္ဗသီရိမြို့နယ်၌ တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် မိုးစပါး ၅၃၉၅ ဧက ရေနစ်မြုပ်ခံခဲ့ရမှု ဖြစ်ပွား

ပုဗ္ဗသီရိ စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး၊ ဆင်သေချောင်းမှ ရေကြီးရေလျှံမှုများဖြစ်ခဲ့ရာ မိုးစပါး ၅၃၉၅ ဧက ရေနစ်မြုပ်ခံခဲ့ရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် မိုးစပါး(၁၂၆၉၄)ဧက စိုက်ပျိုးခဲ့ရာ၊ တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး၊ ဆင်သေချောင်းမှ ရေကြီးရေလျှံမှုများဖြစ်ခဲ့သဖြင့် (၅၃၉၅)ဧက ရေနစ်မြုပ်ခဲ့ပြီး၊ ပျက်စီးဧက(၁၇၅၇)ဧက ပျက်စီး၍ ထိခိုက်ဧက(၄၁၇၈)ဧက၊ ပြန်ပေါ်ဧက(၅၃၉၅)ဧကဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)