လွိုင်လင်မြို့တွင် အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကျင်းပ

လွိုင်လင် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ပါသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး လုပ်ငန်းခေါင်းစဉ်မှ မိသားစုဝင်များ ဝတ်ဆင်သော အဝတ်အထည်များကို မိမိကိုယ်တိုင်ချုပ် လုပ်ဝတ်ဆင်နိုင်ရန်၊ အခြားဝတ်ဆင်သူများ၏ အဝတ်အထည်များကို ချုပ်ခယူ၍ ချုပ်လုပ်ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အိုးမကွာ အိမ်မကွာဖြင့် ဝင်ငွေရှာဖွေနိုင်ရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ဩဂုတ်လ (၂၇) ရက်မှ စက်တင်ဘာ (၂၅) ရက်အထိ တစ်လကြာသင်ကြားပေးခဲ့ကြောင်း၊ ဆက်လက်၍လည်း မွမ်းမံသင်တန်းကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်စီမံကိန်း ဦးစီးမှူး ဦးအောင်လင်းဇော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းအချောထည်များ ပေးအပ်ခဲ့ပြီး သင်တန်းသူများ ချုပ်လုပ်ထားသည့် အထည်များကို ကြည့်ရှုအားပေးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းသို့ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် သင်တန်းသူ (၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး