ဝမ်းတွင်း စက်တင်ဘာ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှ မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းကို ဝမ်းတွင်းမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိ(၅)ဦး အခြားအဆင့်(၁၂)ဦး၊ မိသားစုဝင်(၁)ဦး၊ စုစုပေါင်း(၁၈)ဦးက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နှစ် (၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တို့အား မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်း၊ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်မြင့်တို့က ကြက်ဥ၊ Royal D နှင့် သွေးအားတိုးဆေးများပေးအပ်ခဲ့ပြီး မိတ္ထီလာသွေးလှူဘဏ်တာဝန်ခံ ဒေါက်တာပြုံးဇာခြည်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)