ဟိုပုံး စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စေတနာရှင်အလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် စားအုန်းဆီထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က သီရိမင်္ဂလာရွှေချမ်းသာ ဗိမာန်တော်ကြီးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဟိုပုံးတပ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်က ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီးနောက် ဟိုပုံးတပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင် အလှူရှင်များဖြစ်ကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုကုန်သည်များအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုကုန်သည်များအသင်းချုပ် (ဘုရင့်နောင်ကုန်စည်ဒိုင်)တို့၏ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းပို့ကုန် ကုမ္ပဏီများပူးပေါင်း၍ လှူဒါန်းသည့် စားအုန်းဆီ(၅၀) ကျပ်သားပါ (၁၀၀၅)ဘူး (၅၀၂၅၀) ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)