မိတ္ထီလာမြို့နယ်တွင်  ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

မိတ္ထီလာ စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှစတင်၍ ၃၀ ရက်နေ့အထိ အမှတ်()အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

၂၀၂၄ ခုနှစ် မိတ္ထီလာမြို့နယ်တွင် စာရင်းစစ်၊ စာရင်းကောက် ၂၈၂ ဦးအား တာဝန်ပေးအပ်ပြီး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ် ပို့ချခြင်းဖြစ်ပါကြောင်း၊ မိတ္ထီလာ မြို့နယ်တွင် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၈၂ ဦးအား အမှတ်()အခြေခံပညာအထက်တန်းကျောင်းရှိ သင်တန်းခန်းမ ခန်းဖြင့်  သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများဖြင့် ထိရောက် လွယ်ကူသည့် နည်းလမ်းများဖြင့် သင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်၍ ၃၀ ရက်နေ့အထိ  လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဌေးဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)