ကျိုင်းတုံခရိုင်အတွင်း ရေဘေးသင့်ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေနှင့် အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

ကျိုင်းတုံ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်း ရေဘေးသင့်ပျက်စီးသွားသည့် နေအိမ်များအား ထောက်ပံ့ငွေနှင့် အခြေခံစားကုန်များထောက်ပံ့ပေးခြင်းကို ယမန်နေ့က ကျိုင်းတုံခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့မှ ထောက်ပံ့ပေးသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းမြတ်၊ ကျိုင်းတုံခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခေတ္တမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများက ကျိုင်းတုံခရိုင်အတွင်း ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းပျဉ်းမြို့နယ်များတွင် စက်တင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျသွားသည့် နေအိမ်တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းနှင့်အခြေခံစားကုန်များ၊ တစ်စိတ်တစ်ပိုင်းပြိုကျသည့် နေအိမ်တစ်အိမ်လျှင် ငွေကျပ် သုံးသိန်းနှင့် အခြေခံစားကုန်များ စုစုပေါင်းကျိုင်းတုံခရိုင်အတွင်း ပြိုကျသွားသည့် နေအိမ် ၁၂ အိမ်နှင့် တစ်စိတ်တစ်ပိုင်းပြိုကျသည့် နေအိမ် ၁၀ အိမ်အတွက် စုစုပေါင်းငွေကျပ် သိန်း ၉၀ နှင့် အခြေခံစားကုန်များဖြစ်သည့် ခေါက်ဆွဲခြောက်၊ ငါးပိဘူး၊ မုန့်ဖာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)