လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

လယ်ဝေး စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာ​မကြီး ဒေါ်အေးအေးလွင်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်​ဝေကြည်စန်းအောင်က လူငယ်စကားဝိုင်းကျင်းပရ​ခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade- 8 မှ မဆောင်းရတီက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-10 မှ မခင်ယသော်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ Grade-9 မှ မရှင်မင်းအံ့က လူငယ်နှင့်ယဥ်ကျေးမှု၊ Grade-11 မှ မောင်မင်းအောင်လှိုင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးပြီး ကျောင်းသား ကျောင်းသူလေးများ၏ မေးခွန်းများအား ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်များ စာဖတ်ရှိန်မြှင့်တင်​ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲအား ကျောင်းသား ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)