လယ်ဝေးမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ကန်လှကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ပြပွဲကျင်းပ

လယ်ဝေး စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကန်လှကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁) နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က သုတရသစာပေ ဖတ်ရှုလေ့လာစေ ခေါင်စဥ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးသည်။ ထို့နောက်ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့‌ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)