မိုးနဲ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများကို စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားပင်စင် လစာငွေများကို လစဥ်နိုင်ငံ့ဝန်ထမ်းလစာငွေများ မထုတ်ပေးမီ (၂၁) ရက်နေ့မှ စတင်ကာ ရုံးဖွင့်ရက်မှအပ ရုံးဖွင့်ရက်များ၌ ထုတ်ပေးလျက်ရှိရာ ယခုလတွင် (၂၃) ရက်နေ့မှ စတင်၍ နံနက် (၈) နာရီခွဲမှ ညနေ (၃) နာရီခွဲအချိန်ထိ ထုတ်ပေးလျက်ရှိကြောင်း ယနေ့တွင် ကာကွယ်ရေးပင်စင်စားများမှအပ နိုင်ငံရေးပင်စင်စား၊ ဘဏ်ပင်စင်စား၊ မြို့ပြပင်စင်စားများမှ လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ မိုးနဲမြို့နယ်အနေဖြင့် ပင်စင်စား (၃၆၆) ဦး ထုတ်ယူလျက်ရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)