ကလော စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ပရိယတ္တိစာသင်တိုက်တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ (၁) နာရီက တာဝန်ရှိသူများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကလောချောင်းရေကြီး၊ ရေလျှံဖြစ်မှုဖြစ်ပွားခဲ့သောကြောင့် အင်ပြင်ပရိယတ္တိစာသင်တိုက်သည် ချောင်းရေများ ဝင်ရောက်ခဲ့သည့်အတွက် ကလောတပ်နယ်မှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦီးလင်းဇော်ထွေးနှင့် တာဝန်ရှိသူများက ဆန် (၁၀) အိတ်၊ ဆီ (၁၀) ပိဿာဝင်တစ်ပုံး၊ မာမီးခေါက်ဆွဲခြောက် (၁၀) ဖာ၊ ကြက်ဥ (၃၀၀) လုံး၊ ဘိလပ်မြေ (၅၀) အိတ်တို့ကို အင်းပြင်ပရိယတ္တိစာသင်တိုက်ကျောင်းထိုင် ဆရာတော်ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)