ချမ်းမြသာစည် စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂x၆၃ လမ်းကြား၊ ၁၀၄x၁၀၅ လမ်းကြား၊ သူနာပြုတက္ကသိုလ် (မန္တလေး)ရှိ (၆)ထပ်ဆောင်ခန်းမတွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ် (မန္တလေး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သူနာပြုတက္ကသိုလ်(မန္တလေး) မှ ပါမောက္ခချုပ် ဒေါက်တာ ခင်၀င်းစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဦးဆောင်ဆွေးနွေးခဲ့ပြီး အဆိုပါ တက္ကသိုလ်မှ ဒုတိယနှစ် (သူနာပြုသိပ္ပံဘွဲ့)ကျောင်းသူ မဖူးပြည့်စုံက “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ်(သူနာပြုသိပ္ပံဘွဲ့)ကျောင်းသူ မသက်စိုးစံက “လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တတိယနှစ် (သူနာပြုသိပ္ပံဘွဲ့) ကျောင်းသား မောင်ရန်မျိုးအောင်က “လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တတိယနှစ် (သူနာပြုသိပ္ပံဘွဲ့) ကျောင်းသူ မရွှေစုက “လူငယ်နှင့်ပရဟိတ” ခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော သူနာပြုတက္ကသိုလ် ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လူငယ်စကားဝိုင်းသို့ သူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်၀င်းစိန်၊ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ သူနာပြုတက္ကသိုလ် ကျောင်းသား/ သူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူ၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့