ဇေယျာသီရိမြို့နယ် ခေတ်အေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇေယျာသီရိ စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခေတ်အေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးတက်စေရန် ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတဖတ်ရှုလာစေရန် ယခုလိုဟောပြောပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကြည့်တိုက်များ အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့ကျင့်ကောင်းများဖြစ်ပေါ်လာစေရေးနှင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ခေတ်အေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီးနှင့်  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)