ဇေယျာသီရိ စက်တင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ၊ လှေခွင်းတောင်ခြေရှိ ရေဘေးရှောင်စခန်းသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော် ခုတင်(၁၀၀) တိုင်းရင်းဆေးရုံကြီးမှ တိုင်းရင်းဆေးဖြင့် ယမန်နေ့မွန်းလွဲပိုင်းက အခမဲ့ကွင်းဆင်း၍ ကျန်းမာရေးစောက်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ကွင်းဆင်း၍ ကျန်းမာရေးစောက်ရှောက်မှုပေးရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော် ခုတင်(၁၀၀) တိုင်းရင်းဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဦးလှမော်နှင့် တာဝန်ရှိသူများက လှေခွင်းတောင်ခြေရှိ ကိုးခမ်းကြီးဓမ္မာရုံ ရေဘေးရှောင်စခန်းမှ ရေဘေးရှောင်ပြည်သူ ၂၂၅ ဦးအား တိုင်းရင်းဆေးပညာဖြင့် အဆစ်ရောင်၊ ဒူးနာ၊ သွေးတိုး၊ သွေးကျ၊ အနာပေါက်၊ ရင်ကျပ်၊ ချောင်းဆိုး စသည့် ရောဂါများကို အခမဲ့ကွင်းဆင်း၍ ကုသပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)