မလှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များလာရောက်ငှားရမ်း

မလှိုင်  စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်း သား၊ ကျောင်းသူ ကလေးသူငယ်များနှင့် ဒေသခံပြည်သူများအား သုတရသစာအုပ်စာစောင်ငှားရမ်းသူများ နေ့စဉ်ကားလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို တနင်္လာနေ့မှ သောကြာနေ့အထိနေ့စဉ် နံနက် ()နာရီခွဲမှ ညနေ ()နာရီခွဲအထိ ပုံမှန်ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များအနေဖြင့် ကျောင်းအားလပ်ချိန်များတွင် စာကြည့်တိုက်သို့လာရောက်ကာ အသင်းဝင်ကတ်ပြားများကို အခမဲ့ပြုလုပ်ပြီး စာအုပ်စာစောင်များ၊ ရုပ်ပြစာအုပ်များ၊ ရွှေသွေးစာစောင်များ၊ ပုံပြင်စာအုပ်များကို  အလွယ်တကူ ငှားရမ်းဖတ်ရှုလေ့လာကြသည်။

ထို့နောက်  ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ဂိမ်းကစားခြင်း၊ ဘိုလိမ်းများ ပစ်၍ဆော့ကစားခြင်း၊ အရုပ်ဆက်ခြင်း၊ အရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့်ပန်းချီရေးဆွဲခြင်း စသည်များကိုဆက်လက်၍ ဆော့ကစားကြသည်။ ကျောင်းသားကျောင်းသူကလေး သူငယ်များ စာကြည့်တိုက်ကိုအသုံးပြုလာကြသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေပြီး အနာဂတ်တွင် ဦးဆောင်ဦးရွက်ပြုမည့်သားကောင်း ရတနာများဖြစ်လာကြမည်ဖြစ်သည်။ စာကြည့်တိုက်မှူးအနေဖြင့်လည်း စာကြည့် တိုက်သို့လာရောက်ကြသည့် ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန်အတွက် နိုင်ငံ့ခေါင်းဆောင်များ၏ မိန့်ခွန်းများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြန်တမ်းများနှင့် သုတရသစာအုပ်များ အလွယ်တကူလွတ်လပ်စွာ ဖတ်ရှုခြင်းနှင့် ငှားရမ်းခြင်းများ ပြုလုပ်နိုင်စေရန်အတွက် စနစ်တကျစီစဉ်ဆောင်ရွက်ပေးထားကြောင်းလည်း သိရသည်။

မြို့နယ်(ပြန်/ဆက်)